မိမိကိုယ်ကို ဂရုစိုက်ခြင်းမှသည် မိသားစုအား ဂရုစိုက်ခြင်းဆီသို့

ကျန်းမာခြင်းဆိုတာဘာလဲ ဒီမေးခွန်းကို လူမှုစိတ်ပညာသင်တန်းပေါင်းများစွာရဲ့ အဖွင့်မှာ ကျွန်မ မေးလေ့ရှိပါတယ်။ ၉၉ %သောသူတွေဖြေတာက ကိုယ်ခန္ဓာအနာရောဂါကင်းတယ်၊ စိတ်ပျော်ရွှင်မယ်၊ စိတ်ဖိစီးမှုကင်းရင် ကျန်းမာတယ်တဲ့။ ၁ % သောသူတွေက လူမှုဆက်ဆံရေးကလဲ ကောင်းဖို့လိုတယ်လို့ ဖြေပါတယ်။ ဘာဖြစ်လို့လဲ.. ဒါတွေက ဆက်စပ်နေလို့ပါ။ မိသားစုမှာ လူ့ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် မနေတတ်တဲ့သူရဲ့ စိတ်ရဲ့ က ပျော်ရွှင်နိုင်မှာ မဟုတ်သလို စိတ်ထောင်းရင် ကိုယ်ကျေတယ်ဆိုတဲ့ မြန်မာစကားပုံကရှိပြန်တယ်၊ နေမကောင်းတဲ့သူကလဲ စိတ်ပျော်ရွှင်နိုင်မဟုတ်ပါဘူး။ WHO ကတော့ ဒီ၃ခုကောင်းမွန်ခြင်းက ကျန်းမာခြင်းလို့ ပြောထားတယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ အာဟာရအတွက် အသိပညာတွေ၊ ဘဝအတွက် ဗဟုသုတတွေ၊ စားဝတ်နေရေး ပညာရေးအတွက် ငွေကြေး၊ အလုပ်အကိုင်၊ ယုံကြည်ရာ ကိုးကိုယ်ရာ ဘာသာတရား ကျွန်မတို့ရဲ့ နေ့စဉ်လူ့ဘဝမှာ ကင်းလို့မရတဲ့…

Details

စိတ်ကျရောဂါ လက္ခဏာများ

စိတ်ဓာတ်ကျသည့် ခံစားချက်နှင့် အောက်ပါအချက်များထဲမှာ အနည်းဆုံး (၄)ခုကို အနည်းဆုံးနှစ်ပတ် (နေ့စဉ်) သင်ခံစားနေရပါသလား သို့မဟုတ် သင့်အနားမှ လူတစ်ဦးဦးက ခံစားနေရတာကို သတိပြုမိပါသလား ထို (၄)ခုအနက် သေချင်သည့်အတွေးနှင့် ကြိုးစားအားထုတ်မှု ပါဝင်ပါက စိတ်ကျန်းမာရေး ပညာရှင် (Psychologist) နှင့် အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။ ၁) စိတ် (ကျ) ၂) အိပ် (လျော့) ၃) စိတ်ဝင်စားမှု (လျော့) ၄) အပြစ်တင်ခြင်း ၅) အင်အား (ကုန်/ကျဆင်း) ၆) အာရုံစိုက်မှု (အားနည်း) ၇) အစာ စားချင်စိတ် (ကျ) ၈) စိတ်အလိုမကျမှုနှင့် စိတ်ရှုပ်ထွေးမှု ၉) သေချင်သော အတွေး နှင့် အားထုတ်မှု အထက်ပါ အချက်များသည် ယေဘူယျ…

Details

စိတ်ကျရောဂါနှင့် သေကြောင်းကြံစည်မှု (၃)

သေကြောင်းကြံစည်မှု နမိတ်ပြလက္ခဏာများ” (၁) သေပစ်လိုက်ချင်တယ် (သို့) ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်လိုက်ချင်တယ်ဟု မကြာခဏပြောခြင်း (၂) မျှော်လင့်ထားသမျှ အကုန်ပျောက်ဆုံးသွားပြီး ဘဝသည် ထောင်ချောက်တစ်ခုထဲတွင် ပိတ်မိနေသလို ခံစားနေခြင်းကို သိသိသာသာ ပြောခြင်း (သို့) အမူအရာဖြင့်ပြခြင်း (၃) နေ့စဉ်သွားလာလုပ်ဆောင်မှုများတွင် မိမိကိုယ်ကိုထိခိုက်ဒဏ်ရာရရှိအောင် တမင်တကာလုပ်နေခြင်း (ဥပမာ.. စက်ဘီး၊ ဆိုင်ကယ်များကို အမြန်မောင်းခြင်းပြီး ကားများကို မရှောင်ခြင်း၊ ကားတိုက်ခံရခြေ ရှိရက်နှင့် လမ်းကို မဆင်မခြင်ဖြတ်ကူးခြင်း) (၄) သူငယ်ချင်း၊ ဆွေမျိုးအိမ်သို့ ပုံမှန်မဟုတ်ပဲ အလည်သွားရောက်၍ နောက်မတွေ့ရတော့မယ်လူလို တနေရာရာကို ထွက်သွားတော့မလို နှုတ်ဆက်စကားပြောခြင်း (၅) ပိုင်ဆိုင်သော ပစ္စည်းများ အကုန်နီးပါး ခွဲဝေပေးခြင်း၊ ပေးကမ်း လှူဒါန်းခြင်းများ လုပ်နေခြင်း (၆) ပုံမှန်မဟုတ်သော စကားများပြောခြင်း (ငါမရှိရင် အားလုံးအဆင်ပြေသွားမှာပါ၊…

Details

စိတ်ကျရောဂါနှင့် သေကြောင်းကြံစည်မှု (၂)

ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားချင်စိတ် သင့်မှာရှိနေပြီလား????? ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းဆိုသည့် အကြောင်းအရာသည် ဆွေးနွေးရင်ဖွင့်ရန် ခက်ခဲသော ကိစ္စရပ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကျွနု်ပ်တို့ရဲ့ ဘဝလမ်းတလျှောက်မှာ တကွေ့မဟုတ် တကွေ့ တချိန်မဟုတ် တချိန်မှာတော့ ဒီလိုအတွေးမျိုးဝင်တတ်လေ့ရှိပါတယ်။ သင်တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ထိုအတွေးသည် သင့်တွင် ချွတ်ယွင်းချက်တစ်ခုခုရှိသော ကြောင့်လည်းမဟုတ်သလို သင်သည် အပြစ်အနာရှိ၍ စိတ်လွတ်နေ၍ စိတ်အားနည်းနေသော ကြောင့်လည်း မဟုတ်ပါ။ ထိုအတွေးသည် အချိန်အတော်ကြာ သင်ကြုံတွေ့နေရသော စိတ်ဒုက္ခများအား မခံစားနိုင်၊ မကျော်လွှားနိုင်တော့သောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်သာ အကူအညီနှင့် စိတ်ခွန်အားပေးမှုများရလိုက်မည်ဆိုပါက အချိန်အတိုင်းအတာ တစ်ခုအတွင်း အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ထိုအတွေးလည်း ပျောက်ကွယ်သွားပါလိမ့်မည်။ အားလုံးကို လက်လျော့ပြီး ထွက်သွားတော့မယ်လို့ သင်ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ ဒီနေ့အထိ သင်ကြိုးစားအားတင်းပြီး နေခဲ့တဲ့ အကြောင်းကို တစ်ချက်ပဲ ပြန်စဉ်းစားလိုက်ပါ။…

Details