မိမိကိုယ်ကို ဂရုစိုက်ခြင်းမှသည် မိသားစုအား ဂရုစိုက်ခြင်းဆီသို့

ကျန်းမာခြင်းဆိုတာဘာလဲ ဒီမေးခွန်းကို လူမှုစိတ်ပညာသင်တန်းပေါင်းများစွာရဲ့ အဖွင့်မှာ ကျွန်မ မေးလေ့ရှိပါတယ်။ ၉၉ %သောသူတွေဖြေတာက ကိုယ်ခန္ဓာအနာရောဂါကင်းတယ်၊ စိတ်ပျော်ရွှင်မယ်၊ စိတ်ဖိစီးမှုကင်းရင် ကျန်းမာတယ်တဲ့။ ၁ % သောသူတွေက လူမှုဆက်ဆံရေးကလဲ ကောင်းဖို့လိုတယ်လို့ ဖြေပါတယ်။ ဘာဖြစ်လို့လဲ.. ဒါတွေက ဆက်စပ်နေလို့ပါ။ မိသားစုမှာ လူ့ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် မနေတတ်တဲ့သူရဲ့ စိတ်ရဲ့ က ပျော်ရွှင်နိုင်မှာ မဟုတ်သလို စိတ်ထောင်းရင် ကိုယ်ကျေတယ်ဆိုတဲ့ မြန်မာစကားပုံကရှိပြန်တယ်၊ နေမကောင်းတဲ့သူကလဲ စိတ်ပျော်ရွှင်နိုင်မဟုတ်ပါဘူး။ WHO ကတော့ ဒီ၃ခုကောင်းမွန်ခြင်းက ကျန်းမာခြင်းလို့ ပြောထားတယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ အာဟာရအတွက် အသိပညာတွေ၊ ဘဝအတွက် ဗဟုသုတတွေ၊ စားဝတ်နေရေး ပညာရေးအတွက် ငွေကြေး၊ အလုပ်အကိုင်၊ ယုံကြည်ရာ ကိုးကိုယ်ရာ ဘာသာတရား ကျွန်မတို့ရဲ့ နေ့စဉ်လူ့ဘဝမှာ ကင်းလို့မရတဲ့…