P1040271-01
P1020683
For Website

Reach Out Myanmar ဆိုတာ

Reach Out Myanmar (လူတိုင်းအတွက်စိတ်ပညာ) သည် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုနှင့် အတိုင်ပင်ခံ ဝန်ဆောင်မှုများကို မြန်မာပြည်သူလူထု လက်လှမ်းမီနိုင်သည့် ဝန်ဆောင်ခ၊ နည်းလမ်းများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးရန် ရည်ရွယ်တည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ မြန်မာပြည်သူလူထုအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရန် စိတ်အားထက်သန်သည့် စိတ်ကျန်းမာရေး ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။

Reach Out Myanmar ၏ မျှော်မှန်းချက်

အလွယ်တကူ လက်လှမ်းမီနိုင်ပြီး ဝန်ဆောင်ခသင့်တင့်မျှတသော အရည်အသွေးမြင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုများဖြင့် မြန်မာပြည်သူလူထု၏ ကျန်းမာသုခကို ပံ့ပိုးမြှင့်တင်ပေးရန်

Reach Out Myanmar ၏ လုပ်ငန်းတာဝန်များ

  • အရည်အချင်း ပြည့်ဝပြီး ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုများအကြောင်း နားလည်သဘောပေါက်သော၊ ကျင့်ဝတ်စောင့်ထိန်းသော ကျွန်ုပ်တို့၏ စိတ်ကျန်းမာရေး ပညာရှင်များမှတဆင့် အရည်အသွေးမီ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်
  • သီးခြားအဖွဲ့အစည်းတစ်ရပ် အနေဖြင့်လည်းကောင်း၊ စိတ်ကျန်းမာရေး ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းေ့ာင်း စိတ်ကျန်းမာရေး၏ အရေးပါပုံအကြောင်း လူမှုအသိုင်းအဝိုင်းအကြား တိုက်တွန်းလှုံ့ဆော်ပြီး အသိပညာမြှင့်တင်ရန်
  • မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော စိတ်ကျန်းမာရေး လှုပ်ရှားမှုများနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာအောင် သင်တန်း/ အလုပ်ရုံဆွေးနွေးပွဲ၊ နည်းလမ်းပြသမှု၊ လမ်းညွှန်ကြီးကြပ်မှုများမှတဆင့်အထောက်အပံ့ပေးရန်
  • ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တက္ကသိုလ်ကျောင်းများကဲ့သို့သော အစိုးရအဖွဲ့အစည်းများအား စိတ်ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး တိုက်တွန်းလှုံ့ဆော်သည့် လှုပ်ရှားမှုများတွင် ပါဝင်ရန်

Reach Out Myanmar ၏ တန်ဖိုးထားမှုများ

လူတစ်ဦးချင်းစီ၏ မတူကွဲပြားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများအပေါ် လေးစားမှု

ထိရောက်သော ဝန်ဆောင်မှု အရည်အသွေး

စိတ်ကျန်းမာရေး ပညာရှင်များ စောင့်ထိန်းရမည့် ကျင့်ဝတ်စံနှုန်းများကို အလေးထားလိုက်နာမှု

အလေးထား ဂရုစိုက်တတ်သည့် သဘောထားကို အဖွဲ့အစည်း တစ်ရပ်လုံးက ဖော်ပြနေမှု

အဖွဲ့အစည်း အတွင်း၊ အပြင် နှစ်ရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက်မှု

လူမှုအသိုင်းအဝန်း၊ ရပ်ရွာနှင့် ပြင်ပအဖွဲ့အစည်းများအတွက် ဝန်ဆောင်မှု