စိတ်ပညာအကြောင်း သိကောင်းစရာများ DVB သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခြင်း ပထမပိုင်း

DVB သတင်းဌာနမှ စီစဉ်တင်ဆက်သူ မမိုးမြင့်ဇင်နဲ့ Reach Out Myanmar (လူတိုင်းအတွက် စိတ်ပညာ)မှ စိတ်ကျန်းမာရေးပညာရှင် မစုဇာမွန်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုကို ၂ပိုင်းခွဲပြီး တင်ပေးသွားမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Page မှာ အရင်တင်ထားတဲ့ အင်တာဗျူးဗီဒီယိုကို မကြည့်ဖြစ်သူတွေလည်း မစုဇာမွန်ဆွေးနွေးထားတဲ့ စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများကို စာဖြင့်ဖတ်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်။ DVB: မင်္ဂလာပါရှင်၊ စိတ်ကျန်းမာရေးမှာ Counselling ဆိုတဲ့ နှစ်သိမ့်ဆွေးနွေးခြင်းအပိုင်းဟာ အရမ်းပဲ အရေးပါပါတယ်။ ဘာကြောင့် Counselling လုပ်ရလဲ၊ ဘာကြောင့် စိတ်ပညာပိုင်းမှာရော၊ ကျန်းမာရေးပိုင်းမှာပါ အရေးပါလဲဆိုတာ ကျွန်မတို့သိရအောင် လူတိုင်းအတွက်စိတ်ပညာဆိုတဲ့ website တို့ facebook page တို့ကို တည်ထောင်ထားတဲ့ founder မစုဇာမွန်နဲ့ မိတ်ဆက်ပေးပါ့မယ်ရှင့်။ အခု မစုဇာမွန်ကို DVB ရဲ့…

Details