စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများ DVB သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်း
စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများ DVB သတင်းဌာနနှင့် Interview ဒုတိယပိုင်း Q: ဟုတ်ကဲ့ပါ မစုဇာ။ ပတ်ဝန်းကျင်အမြင်မှာလဲ ဒီလူက နည်းနည်းတော့ ကြောင်နေပြီ၊ ဒီလူကတော့ ဂေါက်သွားပြီ စသည်ဖြင့်ပေါ့။ တချို့ကိစ္စတွေမှာကျတော့ ပတ်ဝန်းကျင်ရဲ့အမြင်တင်မဟုတ်ပဲနဲ့ ကိုယ့်ကိုယ်ကို သိကြတယ်ပေါ့။ ဒါပေမယ့် ရူးတယ်ဆိုတဲ့ အဆင့်မျိုးမဟုတ်ဘဲနဲ့ Counselling ဆိုပြီး သွားဆွေးနွေးတာကိုများ လူတွေသိသွားကြရင် ငါ့ကိုများ ဘယ်လိုတံဆိပ်တပ်ကြမလဲဆိုပြီး အရမ်းကြောက်ကြတယ်ပေါ့နော်။ အဲဒီလိုအခြေအနေမျိုးမှာ ကာယကံရှင်ကိုယ်တိုင် လိုလိုလားလား Counselling လုပ်ချင်လာအောင် ဘယ်လိုဆွဲဆောင်သင့်တယ်လို့ ထင်ပါသလဲရှင့်။ A: အရင်ဆုံး ကျွန်မပြောပြချင်တာက ကျွန်မတို့ စိတ်ကျန်းမာရေးဆွေးနွေးမှုလုပ်တယ်ဆိုရင် Confidentiality လို့ခေါ်တဲ့ “သတင်းအချက်အလက်လုံခြုံမှု” ကို လုံးဝပေးပါတယ်။ ကျွန်မနဲ့ လာဆွေးနွေးတဲ့သူ နှစ်ယောက်ကြား ပြောသမျှတွေအားလုံးက အဲ့ဒီဆွေးနွေးခန်းထဲမှာပဲရှိနေတယ်။ ဘယ်သူ့ကိုမှ ကာယကံရှင် ခွင့်ပြုချက်မရဘဲ…