စိတ်ကျရောဂါနှင့် သေကြောင်းကြံစည်မှု (၁)

ကျွနု်ပ်တို့သည် “စိတ်ဓာတ်ကျတယ်” ဆိုသော စကားကို မိမိပတ်ဝန်းကျင်မှ လူအများ၏ မကြာခဏ ပြောဆိုသံကို ကြားဖူးနေသလို တခါတလေ ကိုယ်တိုင်ပင် ထိုစကားကို အလွယ်တကူသုံးလေ့ရှိကြပါတယ်။ ကိစ္စရပ်တစ်ခုခု အဆင်မပြေဖြစ် ဖြေရှင်းမရနိုင်ဖြစ်ပြီး စိတ်ဖိစီးမှုတွေ တစ်ရက် တစ်ပတ်ထက်ပိုပြီး ခံစားနေရသောအခါ “စိတ်ဓာတ်ကျတယ်” ဟု စကားကို နှုတ်က ငြီးတွားလာကြ ရပါတယ်။ စိတ်ဖိစီးမှုများရာကနေ စိတ်ဓာတ်ကျသည့် ခံစားချက်ကို ရရှိလာပြီး နောက်ဆုံးမှာတော့ စိတ်ကျရောဂါကို ရရှိလာကြပါတယ်။ ကမ္ဘာပေါ်တွင် သေကြောင်းကြံစည်/အောင်မြင်မှုများ၏ အဓိကအကြောင်းအရင်းများသည် စိတ်ကျခြင်းကြောင့် ဖြစ်သည်။ စိတ်ပျက်ခြင်း၊ စိတ်အားငယ်ခြင်း၊ မျှော်လင့်ချက်ကုန်ဆုံးခြင်းစသည်တို့ ရက်ရှည်ကြာ ခံစားနေရခြင်းသည် လူတစ်ယောက်အား ကိုယ့်ကိုကိုယ်သတ်သေခြင်းသည် ထိုနာကျင်သည့် ခံစားချက်များမှ လွတ်မြောက်ရာလမ်းဟု အထင်ရောက်စေသည်။ သေပစ်လိုက်ချင်သော အတွေးနှင့် သေကြောင်းကြံစည်မှုများသည် စိတ်ကျရောဂါ၏ နောက်ဆုံးအဆင့် လက္ခဏာများဖြစ်သည်။…

Details

အုပ်ထိန်းသူ/ပြုစုစောင့်ရှောက်သူပုံစံ (၃) >> အလိုလိုက်ခြင်းဖြင့် အုပ်ချုပ်ခြင်း

ဒီမိဘမျိုးသည် သားသမီးများအပေါ်တွင် စည်းကမ်းချမှတ်မှု အလွန်နည်းပါးသည့်အပြင် သူတို့ဖြစ်စေချင်သည့် ဘဝ၊ပုံစံများလည်းမရှိပေ။ ဤမိဘမျိုးသည် ကလေးများကို ဘာဖြစ်ရမည်ဟု တောင်းဆို ပြောဆိုခြင်းထက် ဘာလုပ်ပေးရမလဲဆိုတာပဲ အာရုံစိုက်တတ်ကြသည်။ သူတို့သည် အခြားအုပ်ချုပ်ပုံစံမှ မိဘများထက် သားသမိီးများအပေါ် ချစ်လွန်းခြင်း၊ စိတ်ရှည်သည်းခံလွန်းခြင်း၊ ကလေးအတွက် ရေရှည်ကောင်းသည် ဆိုးမည် မစဉ်းစားပဲ အလိုလိုက် အကြိုက်ဆောင် ဖူးဖူးမှုတ်ထားလွန်းခြင်းတို့ကြောင့် ကလေးများ မိမိကိုယ်ကို ထိန်းကျောင်းနိုင်ခြင်းနှင့် ရင့်ကျက်မှုရှိခြင်း မရှိခြင်းအပေါ်တွင် စိတ်မဝင်စားပေ။ ထို့အပြင် ကလေးများ ဖြစ်ချင်/လုပ်ချင်သည့် ဆန္ဒများကိုမည်သည့်အခါမှ အတိုက်အခံလုပ်၍ မငြင်းဆိုတတ်ပဲ မျက်နှာတချက် အညိုမခံပေ။ ဤမိဘမျိုးသည်~ ~~ – ပြုမူ ပြောဆိုနေထိုင်ခြင်း အတတ်ပညာအတွင် စည်းကမ်းနှင့် သတ်မှတ်ချက် အနည်းငယ်(ရှိသည်ဆိုရုံ) သာရှိခြင်း – စည်းကမ်းရှိခဲ့ရင်တောင် အမြဲတမ်းနီးပါး ဖြေလျော့ပေးခြင်း –…

Details

အုပ်ထိန်းသူ/ပြုစုစောင့်ရှောက်သူပုံစံ (၂) >> စည်းကမ်းများဖြင့် အုပ်ချုပ်ခြင်း 

အုပ်ထိန်းသူ/ပြုစုစောင့်ရှောက်သူပုံစံ (Parenting Style) II >> စည်းကမ်းများဖြင့် အုပ်ချုပ်ခြင်း ဤမိဘမျိုးသည် ၎င်းတို့၏ကလေးများအား ပြောဆိုလုပ်ကိုင်ရာတွင် အကြောင်းအရင်းသေချာစွာလုပ်နိုင်အောင်နှင့် ကိုယ့်ကိုကိုယ် ရပ်တည်နိုင်အောင် လေ့ကျင့်ပေးသည်။ သို့သော်လည်း သူတို့၏ကလေးများအပေါ်တွင် ကြီးမား/မြင့်မားသော မျှော်လင့်ချက်/မျှော်မှန်းချက်များ ထားရှိသည်။ သင်တင့်စွာ ချမှတ်ထားသော စည်းကမ်းများကို ကလေးများက ချိုးဖောက်ခဲ့ပါက စည်းကမ်းအတိုင်း အရေးယူ ဆုံးမလေ့ရှိသည်။ သို့သော် ဤမိဘမျိုးသည် ကလေးများအား မည်သည်ကြောင့်ဖြစ်ခဲ့သည်/လုပ်ခဲ့သည်/မှားခဲ့သည်ကို ရှင်းပြခွင့်ပေးပြီး အခြေအနေအပေါ်မူတည်၍ လိုက်လျော ပြုပြင် ဆုံးမကြသည်။ ၎င်းတို့သည် စံပြအဖြစ် မိသားစုအတွင်း နေထိုင်ပြီး ကလေးများကိုလည်း သူတို့အတိုင်းဖြစ်လာရန် မျှော်လင့်ချက်ထားပြီး ကလေးများကိုလည်း ရှင်းပြပြောဆိုကာ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာစေသည်။ ဤမိဘမျိုးသည် ၁) ကလေးများပြောသည်ကို သေချာစွာ နားထောင်သည် ၂) ကိုယ့်ကိုကိုယ်ရပ်တည်နိုင်အောင်…

Details

အုပ်ထိန်းသူ/ပြုစုစောင့်ရှောက်သူပုံစံ (၁) >> အာဏာဖြင့် အုပ်ချုပ်ခြင်း

သြဇာ အာဏာသုံး မိဘများသည် ၎င်းတို့၏ ကလေးများအပေါ်တွင် ကြီးမားသော/မြင့်မားသော မျှော်လင့်ချက်/မှန်းချက်များ ထားရှိပြီး ကလေးများသည် အထွန့်တက်ခွင့်မရှိပဲ သူတို့ချပေးသော စည်မျဉ်း၊ လမ်းများ အတိုင်း လိုက်နာလျှောက်လှမ်းရသည်။ ကလေး၏ ဖြစ်ချင်သော ဆန္ဒကို မမေးမြန်းသည့်အပြင် မည်သည့်ရွေးချယ်ခွင့်ကိုမှ မပေးကြပေ။ ထိုမိဘမျိုးသည် သူတို့၏ ပြောဆိုလုပ်ဆောင်စေလိုသမျှကို ကလေးများအား အမိန့်ပေး၍ အတိအကျလိုက်နာစေသည့်အပြင် ၎င်းတို့ ချမှတ်ထားသော စည်းကမ်းများအကြောင်းကို ရှင်းပြပြောဆိုရန် ဆန္ဒမရှိကြပေ။ အပြစ်ပေးသောအခါ (အထူးသဖြင့် )ဘာကြောင့်ဆိုတာ လုံးဝမရှင်းပြခြင်း (သို့) အနည်းငယ်သာ ပြောပြတတ်သည်။ နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာကို ကလေးများအား လုံးဝမဖော်ပြတတ်ပေ။ (ဤနေရာတွင် အချို့မိဘများ၏ လွဲမှားသော အတွေးမှာ စိတ်ထဲကပဲ ချစ်မည်၊ လိုတာဖြည့်ပေးခြင်းသည် ချစ်ခြင်းကို ပြခြင်းဖြစ်သည်၊ ကလေးများနှင့် အရောဝင်ရင် ရောင့်တတ်တတ်သည်၊…

Details