သြဇာ အာဏာသုံး မိဘများသည် ၎င်းတို့၏ ကလေးများအပေါ်တွင် ကြီးမားသော/မြင့်မားသော မျှော်လင့်ချက်/မှန်းချက်များ ထားရှိပြီး ကလေးများသည် အထွန့်တက်ခွင့်မရှိပဲ သူတို့ချပေးသော စည်မျဉ်း၊ လမ်းများ အတိုင်း လိုက်နာလျှောက်လှမ်းရသည်။ ကလေး၏ ဖြစ်ချင်သော ဆန္ဒကို မမေးမြန်းသည့်အပြင် မည်သည့်ရွေးချယ်ခွင့်ကိုမှ မပေးကြပေ။ ထိုမိဘမျိုးသည် သူတို့၏ ပြောဆိုလုပ်ဆောင်စေလိုသမျှကို ကလေးများအား အမိန့်ပေး၍ အတိအကျလိုက်နာစေသည့်အပြင် ၎င်းတို့ ချမှတ်ထားသော စည်းကမ်းများအကြောင်းကို ရှင်းပြပြောဆိုရန် ဆန္ဒမရှိကြပေ။ အပြစ်ပေးသောအခါ (အထူးသဖြင့် )ဘာကြောင့်ဆိုတာ လုံးဝမရှင်းပြခြင်း (သို့) အနည်းငယ်သာ ပြောပြတတ်သည်။ နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာကို ကလေးများအား လုံးဝမဖော်ပြတတ်ပေ။ (ဤနေရာတွင် အချို့မိဘများ၏ လွဲမှားသော အတွေးမှာ စိတ်ထဲကပဲ ချစ်မည်၊ လိုတာဖြည့်ပေးခြင်းသည် ချစ်ခြင်းကို ပြခြင်းဖြစ်သည်၊ ကလေးများနှင့် အရောဝင်ရင် ရောင့်တတ်တတ်သည်၊ စသည်တို့ဖြစ်သည်)။
ဤမိဘမျိုးသည်
၁) ဤအုပ်ချုပ်မှုပုံစံဖြင့် ကြီးပြင်းလာခဲ့သော ဘဝအတိုင်းသော်၎င်း
၂) ၎င်းတို့ မလုပ်လိုက်ရသော မဖြစ်လိုက်ရသော ဘဝများကို သားသမီးများအား လုပ်စေလိုသော်ကြောင့်သော်၎င်း
၃) ထိုမိဘ၊ အုပ်ချုပ်မှုဖြင့် မကြီးပြင်းလာခဲ့ရသော်လည်း အရွယ်ရောက်သော် ပေါင်းသင်းဆက်ဆံသည့် လူမှုပတ်ဝန်းကျင်၊ ခံစားရသည့် စိတ်ဒဏ်ရာ၊ အဖြစ်အပျက်တို့ကြောင့်သော်၎င်း.. ကလေးများကို ပြန်လည်အုပ်ချုပ်ကြသည်။
ကလေးများအပေါ် သက်ရောက်မှု>> >> မိဘအုပ်ချုပ်မှု ပုံစံသည် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု ဘက်ပေါင်းစုံတွင် သက်ရောက်လေ့ရှိပြီး အထူးသဖြင့် ပေါင်းသင်းဆက်ဆံရေးနှင့် ပညာရေးတွင် ပိုမိုသိသာသည်။
ထိုကလေးများသည်
၁) နာခံတတ်သော အမူအကျင့်များရှိ/ပြပြီး ချစ်ခြင်း/အချစ်ခံရခြင်းကြောင့် အောင်မြင်တတ်သည်။
၂) အချို့ကလေးများသည် မိမိတို့ အိမ်ပြင်ပတွင် ကြမ်းတမ်းသော အမူအရာ အပြောအဆိုများ ပြ/ရှိသည်။ (အိမ်တွင် မလုပ်ရသမျှ အပြင်တွင် အကုန်လုပ်တတ်ခြင်း)
၃) အရှက်လွန်ခြင်း (သို့) ကြောက်တတ်သည့် အမူအရာများ ပြ/ရှိသည်။
၄) ပေါင်းသင်းဆက်ဆံရေးတွင် ခက်ခဲသည်။ (ဆက်ဆံရန် ခက်ခဲသူ/ မည်သို့ ပြောဆိုဆက်ဆံရမည် ကိုမသိသူ)
၅) မိမိကိုယ်ကို ယုံကြည်မှု အားနည်းသည်။
ထိုကလေးများသည် စည်းမျဉ်းစည်းကမ်းများကို မည်သို့ လိုက်နာ ဆောင်ရွက်ရမည်ကို ကောင်းစွာသိသော်လည်း ကိုယ်ကိုတိုင်တွင် မည်သို့ စည်းကမ်းထားရမည်ကို မသိကြချေ။ မည်သည့်အရာကို လေ့လာတတ်အောင်၊ ကိုယ့်ကိုကိုယ် ရပ်တည်နိုင်အောင် အားပေးခြင်း မခံရသည့်အတွက် မိမိတို့ဘဝကို မည်သည် စံနှုန်းများချမှတ်၍ မည်သိုု့ မည်ပုံလျှောက်လှမ်းရမည်ကို မသိတော့ပေ။