စိတ်ကျရောဂါနှင့် သေကြောင်းကြံစည်မှု (၃)

သေကြောင်းကြံစည်မှု နမိတ်ပြလက္ခဏာများ” (၁) သေပစ်လိုက်ချင်တယ် (သို့) ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်လိုက်ချင်တယ်ဟု မကြာခဏပြောခြင်း (၂) မျှော်လင့်ထားသမျှ အကုန်ပျောက်ဆုံးသွားပြီး ဘဝသည် ထောင်ချောက်တစ်ခုထဲတွင် ပိတ်မိနေသလို ခံစားနေခြင်းကို သိသိသာသာ ပြောခြင်း (သို့) အမူအရာဖြင့်ပြခြင်း (၃) နေ့စဉ်သွားလာလုပ်ဆောင်မှုများတွင် မိမိကိုယ်ကိုထိခိုက်ဒဏ်ရာရရှိအောင် တမင်တကာလုပ်နေခြင်း (ဥပမာ.. စက်ဘီး၊ ဆိုင်ကယ်များကို အမြန်မောင်းခြင်းပြီး ကားများကို မရှောင်ခြင်း၊ ကားတိုက်ခံရခြေ ရှိရက်နှင့် လမ်းကို မဆင်မခြင်ဖြတ်ကူးခြင်း) (၄) သူငယ်ချင်း၊ ဆွေမျိုးအိမ်သို့ ပုံမှန်မဟုတ်ပဲ အလည်သွားရောက်၍ နောက်မတွေ့ရတော့မယ်လူလို တနေရာရာကို ထွက်သွားတော့မလို နှုတ်ဆက်စကားပြောခြင်း (၅) ပိုင်ဆိုင်သော ပစ္စည်းများ အကုန်နီးပါး ခွဲဝေပေးခြင်း၊ ပေးကမ်း လှူဒါန်းခြင်းများ လုပ်နေခြင်း (၆) ပုံမှန်မဟုတ်သော စကားများပြောခြင်း (ငါမရှိရင် အားလုံးအဆင်ပြေသွားမှာပါ၊…

စိတ်ကျရောဂါနှင့် သေကြောင်းကြံစည်မှု (၂)

ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားချင်စိတ် သင့်မှာရှိနေပြီလား????? ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းဆိုသည့် အကြောင်းအရာသည် ဆွေးနွေးရင်ဖွင့်ရန် ခက်ခဲသော ကိစ္စရပ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကျွနု်ပ်တို့ရဲ့ ဘဝလမ်းတလျှောက်မှာ တကွေ့မဟုတ် တကွေ့ တချိန်မဟုတ် တချိန်မှာတော့ ဒီလိုအတွေးမျိုးဝင်တတ်လေ့ရှိပါတယ်။ သင်တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ထိုအတွေးသည် သင့်တွင် ချွတ်ယွင်းချက်တစ်ခုခုရှိသော ကြောင့်လည်းမဟုတ်သလို သင်သည် အပြစ်အနာရှိ၍ စိတ်လွတ်နေ၍ စိတ်အားနည်းနေသော ကြောင့်လည်း မဟုတ်ပါ။ ထိုအတွေးသည် အချိန်အတော်ကြာ သင်ကြုံတွေ့နေရသော စိတ်ဒုက္ခများအား မခံစားနိုင်၊ မကျော်လွှားနိုင်တော့သောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်သာ အကူအညီနှင့် စိတ်ခွန်အားပေးမှုများရလိုက်မည်ဆိုပါက အချိန်အတိုင်းအတာ တစ်ခုအတွင်း အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ထိုအတွေးလည်း ပျောက်ကွယ်သွားပါလိမ့်မည်။ အားလုံးကို လက်လျော့ပြီး ထွက်သွားတော့မယ်လို့ သင်ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ ဒီနေ့အထိ သင်ကြိုးစားအားတင်းပြီး နေခဲ့တဲ့ အကြောင်းကို တစ်ချက်ပဲ ပြန်စဉ်းစားလိုက်ပါ။…

စိတ်ကျရောဂါနှင့် သေကြောင်းကြံစည်မှု (၁)

ကျွနု်ပ်တို့သည် “စိတ်ဓာတ်ကျတယ်” ဆိုသော စကားကို မိမိပတ်ဝန်းကျင်မှ လူအများ၏ မကြာခဏ ပြောဆိုသံကို ကြားဖူးနေသလို တခါတလေ ကိုယ်တိုင်ပင် ထိုစကားကို အလွယ်တကူသုံးလေ့ရှိကြပါတယ်။ ကိစ္စရပ်တစ်ခုခု အဆင်မပြေဖြစ် ဖြေရှင်းမရနိုင်ဖြစ်ပြီး စိတ်ဖိစီးမှုတွေ တစ်ရက် တစ်ပတ်ထက်ပိုပြီး ခံစားနေရသောအခါ “စိတ်ဓာတ်ကျတယ်” ဟု စကားကို နှုတ်က ငြီးတွားလာကြ ရပါတယ်။ စိတ်ဖိစီးမှုများရာကနေ စိတ်ဓာတ်ကျသည့် ခံစားချက်ကို ရရှိလာပြီး နောက်ဆုံးမှာတော့ စိတ်ကျရောဂါကို ရရှိလာကြပါတယ်။ ကမ္ဘာပေါ်တွင် သေကြောင်းကြံစည်/အောင်မြင်မှုများ၏ အဓိကအကြောင်းအရင်းများသည် စိတ်ကျခြင်းကြောင့် ဖြစ်သည်။ စိတ်ပျက်ခြင်း၊ စိတ်အားငယ်ခြင်း၊ မျှော်လင့်ချက်ကုန်ဆုံးခြင်းစသည်တို့ ရက်ရှည်ကြာ ခံစားနေရခြင်းသည် လူတစ်ယောက်အား ကိုယ့်ကိုကိုယ်သတ်သေခြင်းသည် ထိုနာကျင်သည့် ခံစားချက်များမှ လွတ်မြောက်ရာလမ်းဟု အထင်ရောက်စေသည်။ သေပစ်လိုက်ချင်သော အတွေးနှင့် သေကြောင်းကြံစည်မှုများသည် စိတ်ကျရောဂါ၏ နောက်ဆုံးအဆင့် လက္ခဏာများဖြစ်သည်။…