ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားချင်စိတ် သင့်မှာရှိနေပြီလား?????
ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းဆိုသည့် အကြောင်းအရာသည် ဆွေးနွေးရင်ဖွင့်ရန် ခက်ခဲသော ကိစ္စရပ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကျွနု်ပ်တို့ရဲ့ ဘဝလမ်းတလျှောက်မှာ တကွေ့မဟုတ် တကွေ့ တချိန်မဟုတ် တချိန်မှာတော့ ဒီလိုအတွေးမျိုးဝင်တတ်လေ့ရှိပါတယ်။ သင်တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ထိုအတွေးသည် သင့်တွင် ချွတ်ယွင်းချက်တစ်ခုခုရှိသော ကြောင့်လည်းမဟုတ်သလို သင်သည် အပြစ်အနာရှိ၍ စိတ်လွတ်နေ၍ စိတ်အားနည်းနေသော ကြောင့်လည်း မဟုတ်ပါ။ ထိုအတွေးသည် အချိန်အတော်ကြာ သင်ကြုံတွေ့နေရသော စိတ်ဒုက္ခများအား မခံစားနိုင်၊ မကျော်လွှားနိုင်တော့သောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်သာ အကူအညီနှင့် စိတ်ခွန်အားပေးမှုများရလိုက်မည်ဆိုပါက အချိန်အတိုင်းအတာ တစ်ခုအတွင်း အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ထိုအတွေးလည်း ပျောက်ကွယ်သွားပါလိမ့်မည်။
အားလုံးကို လက်လျော့ပြီး ထွက်သွားတော့မယ်လို့ သင်ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ ဒီနေ့အထိ သင်ကြိုးစားအားတင်းပြီး နေခဲ့တဲ့ အကြောင်းကို တစ်ချက်ပဲ ပြန်စဉ်းစားလိုက်ပါ။ သင်ဒီနေ့အထိ ကြိုးစားနေနိုင်ခဲ့သေးတာပဲ။ မနက်ဖြန်၊ သဘက်ခါနေ့တွေအတွက် သင့်ကို ကူညီပေးမယ်သူတွေ ရှိနေပါတယ်။ သင်ဆက်သွယ်ဖို့ပဲ လိုတာပါ။