လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးကို ထိခိုက်စေသော အကြောင်းအရာများ
ဒီတခါမှာတော့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြေအနေတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။
* စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အားပေးကူညီမှုမခြင်း
* အပြုသဘောဆောင်သော လူမှုဝန်းကျင်မရှိခြင်း
* မျှတစွာစီမံတတ်သော ဦးဆောင်သူမရှိခြင်း
* ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုများရှိခြင်း
* အပြန်အလှန်လေးစားမှုနှင့် ယဉ်ကျေးမှုရှိသော လုပ်ငန်းခွင်မဟုတ်ခြင်း
* အလုပ်တာဝန်နှင့် ဝန်ထမ်း၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုက်ညီမှုမရှိခြင်း
* ဝန်ထမ်း၏ အသိပညာ၊ အတတ်ပညာ ဖွ့ံဖြိုးတိုးတက်မှုအတွက် ပံ့ပိုးမှုမရှိခြင်း
* အသိအမှတ်ပြုနှင့် သင့်လျှော်သောချီးမြှောက်မှုမပေးခြင်း
* ဝန်ထမ်းများအနေဖြင့် လုပ်ငန်းနှင့် ဆက်စပ်ပြီး တီထွင်ဖန်တီးခွင့်၊ မိမိအကြံအဉာဏ်ကိုဝင်ရောက်ဆွေးနွေးခွင် နှင့် ဆုံးဖြတ်ချက်ချခွင့်တို့ မရှိခြင်း
* ဝန်ထမ်း၏ စိတ်ပါဝင်စားမှုနှင့် နှစ်သက်သော အလုပ်တာဝန်မဟုတ်ခြင်း
* လုပ်ငန်းတာဝန်များပြားလွန်းခြင်းကြောင့် ကိုယ်ပိုင်အချိန်များ ထိခိုက်လာခြင်း
* စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမပေးနိုင်ခြင်း
* ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမပေးနိုင်ခြင်း
* အကြမ်းဖက်ခြင်း ( နှုတ်အားဖြင့်၊ အပြုအမူအားဖြင့်) ၊ ထိကပါးရိကပါးပြုခြင်း၊ ဗိုလ်ကျခြင်း ၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း ( အရှက်ခွဲခြင်း၊စောင်းမြောင်းပြောဆိုခြင်း၊ ဖယ်ကျဉ်ခြင်း)။
… စတဲ့အချက်တွေဟာ သင့်အဖွဲ့အစည်း၊ လုပ်ငန်းအတွင်း ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ အချက်တွေဖြစ်ပါတယ်။
သင့်လုပ်ငန်းခွင်က အထက်ဖော်ပြပါ ဘယ်နှစ်ချက်နဲ့ ကိုက်ညီနေလဲ?????
အထက်ဖော်ပြပါ အခြေအနေများကြောင့် ဝန်ထမ်းများ၏ စိတ်ပိုင်း၊ ခံစားမှုပိုင်းနှင့် အပြုအမူတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့အချိန်ပဲ…..
> စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး လွဲမှားသောအမြင်များ၊ ခွဲခြားဆက်ဆံမှုတွေကြောင့် ထိုဝန်ထမ်းမှာ မိမိအခက်အခဲကိုဖွင့်ပြောရန် ကြောက်ရွ့ံခြင်း၊ အကူအညီ မတောင်းရဲခြင်း
> စိတ််ဖိစီးမှုများလာပြီး ထိုအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမရှိုုခြင်း
> အလုပ်ကြောင့်ဖြစ်လာသော စိတ်ဖိစီးမှုကို သက်သာစေရန်ဖို့ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ (မူးယစ်ဆေးစွဲသူများ ၏လက္ခဏာသည် စိတ်ဖိစီးမှုများခြင်း၊ စိတ်မကျန်းမာခြင်းတို့၏ လက္ခဏာတို့နှင့် ဆင်တူလေ့ရှိသည်ကိုလည်း သတိထားသင့်ပါသည်။)
> အချို့သော လုပ်ငန်းများတွင် ဝန်ထမ်းအနေဖြင့် ကျန်းမာရေး မကောင်းသော်လည်း မိမိကိုယ်စားတာဝန်ယူပေးနိုင်သူမရှိခြင်း၊ အလုပ်ဖြုတ်ခံရမှာကြောက်ခြင်း
ဒါ့အပြင်…….
> အခြားသော ကိုယ်ပိုင်ဘဝအချိုးအကွေ့များနှင့် လူမှုရေးပြသနာများရှိနေခြင်းက လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုအခြေအနေကို ပိုဆိုးလာစေပါတယ်…
အလုပ်ကြောင့် သင့်ရဲ့ စိတ်၊ ခံစားမှုနှင့် အပြုအမူတွေမှု သက်ရောက်မှုတွေရှီနေပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှုတွေ ရှိနေပြီလား????
နောက်တခါမှာတော့ ဝန်ထမ်းတစ်ယောက်စိတ်ပိုင်းဆိုင်ရာ အခက်အခဲဖြစ်နေတာကို ဘယ်လို အချက်တွေအားဖြင့် သိနိုင်သလဲဆိုတာကို ဖော်ပြပေးပါဦးမယ်။