သေကြောင်းကြံစည်မှု နမိတ်ပြလက္ခဏာများ”
(၁) သေပစ်လိုက်ချင်တယ် (သို့) ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်လိုက်ချင်တယ်ဟု မကြာခဏပြောခြင်း
(၂) မျှော်လင့်ထားသမျှ အကုန်ပျောက်ဆုံးသွားပြီး ဘဝသည် ထောင်ချောက်တစ်ခုထဲတွင် ပိတ်မိနေသလို ခံစားနေခြင်းကို သိသိသာသာ ပြောခြင်း (သို့) အမူအရာဖြင့်ပြခြင်း
(၃) နေ့စဉ်သွားလာလုပ်ဆောင်မှုများတွင် မိမိကိုယ်ကိုထိခိုက်ဒဏ်ရာရရှိအောင် တမင်တကာလုပ်နေခြင်း (ဥပမာ.. စက်ဘီး၊ ဆိုင်ကယ်များကို အမြန်မောင်းခြင်းပြီး ကားများကို မရှောင်ခြင်း၊ ကားတိုက်ခံရခြေ ရှိရက်နှင့် လမ်းကို မဆင်မခြင်ဖြတ်ကူးခြင်း)
(၄) သူငယ်ချင်း၊ ဆွေမျိုးအိမ်သို့ ပုံမှန်မဟုတ်ပဲ အလည်သွားရောက်၍ နောက်မတွေ့ရတော့မယ်လူလို တနေရာရာကို ထွက်သွားတော့မလို နှုတ်ဆက်စကားပြောခြင်း
(၅) ပိုင်ဆိုင်သော ပစ္စည်းများ အကုန်နီးပါး ခွဲဝေပေးခြင်း၊ ပေးကမ်း လှူဒါန်းခြင်းများ လုပ်နေခြင်း
(၆) ပုံမှန်မဟုတ်သော စကားများပြောခြင်း (ငါမရှိရင် အားလုံးအဆင်ပြေသွားမှာပါ၊ ငါမရှိမှ ဖြစ်မှာပါ)
(၇) စိတ်ဓာတ်ကျအလွန်ကျနေသော အမူအရာများကို တစ်ရက် တစ်ပတ်မြင်နေရပါလျှက်နှင့် နေ့ချင်းညချင်း ရုတ်တရက်ကြီး အလွန်တည်ငြိမ်ပြီး ပျော်ရွှင်နေသော အမူအရာကို ပြနေခြင်း
(၈) ဘယ်သူမှ အတွေ့မခံ စကားမပြောတော့ပဲ တစ်ယောက်တည်း သီးသန့်နေလာခြင်း