မိဘများ သိထားစရာ

ဒီကလေးတစ်ယောက်ရဲ့ ခံစားချက်ကို မိဘဖြစ်တဲ့သင်တို့တွေ စဉ်းစားမိရဲ့လား.. အိမ်ထောင်တစ်ခုမှာ.. မိသားစုမှာ စကားများတာ.. အငြင်းပွား.. ရန်ဖြစ်တာဟာ မဆန်းပဲပေမယ့် ကလေးတွေရှေ့မှာ မဖြစ်တာဟာ အကောင်းဆုံးပါပဲ.. မြန်မာလူမျိုးတွေ ကိုရီးယားဇာတ်လမ်းတွေ အကြည့်များကြမှာပါ.. သူတို့အမြဲသုံးတဲ့စကားတစ်ခုရှိပါတယ်.. ” ကျန်းမာပျှော်ရွှင်တဲ့ မိသားစုက ကြီးပြင်းလာတဲ့ကလေးနဲ့ပဲ အိမ်ထောင်ချပေးစေချင်တယ်” ကြောက်လန့်မှုတွေ၊ မလုံခြုံမှုတွေ၊ ကြမ်းတမ်းတဲ့ အမူအရာတွေကြောင့် သူတို့ကြီးပြင်းလာတဲ့အခါ ကလေးတစ်ယောက်ရဲ့ ပြောဆိုပြုမှုနေထိုင်မှု အတွေးအခေါ်တွေပေါ် အများကြီးပြောင်းလဲသွားစေလို့ပါပဲ.. မေတ္တာငတ်ခဲ့တဲ့ ကလေးဟာ.. မေတ္တာမထားတတ်ဘူး.. နွေးထွေးမှု မရခဲ့တဲ့ကလေးဟာ.. နွေးထွေးမှုမပေးတတ်ဘူး.. အချစ်မခံရတဲ့ ကလေးဟာ မချစ်တတ်ဘူး..(ဒါတွေဟာ အများစုမှာဖြစ်လာကြတာပါ.. ချွင်းချက်တွေတော့ရှိပါတယ်.)

Details

သင့်ချစ်ခြင်း မေတ္တာကရော အထောက်အပံ့ဖြစ်စေတာလား၊ မွန်းကျပ်စေတာလား

တစ်ဦးက တစ်ဦးကို ချစ်တာ.. ဂရုစိုက်တာဟာ သာမန်သဘောအရ ကောင်းတဲ့အရာ တစ်ခုပါပဲ။ လူတစ်ယောက်ကို ဘယ်လို မေတ္တာမျိုးမဆို (၁၅၀၀၊ ၅၂၈) ထားရှိဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲ။ သို့သော်ငြား မေတ္တာတရားများလို့ ချစ်တာတွေ ပိုပေးမိတဲ့အခါ တစ်ဖက်လူမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိတတ်တာကိုတော့ လူအများစုက သတိမထားမိကြပါဘူး။ ကိုယ့်လူနာတွေထဲမှာတင် လွန်ကဲတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ပညာရေး၊ ကျန်းမာရေး။ လူမှုရေးတွေ ထိခိုက်မှု၊ တိုးတက်မှုမှာ အဟန့်အတားတွေ အများကြီး ခံစားကြုံတွေ့နေရတာတွေ ရှိပါတယ်။ မြန်မာစကားပုံအရ “ စေတနာက ဝေဒနာဖြစ်တယ်” ပေါ့။ ပေးတဲ့သူကိုလဲ အပြစ်မတင်နိုင် ခံစားရတဲ့သူဘက်ကလည်း မသက်သာတော့ အချိန်ကြာလာတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးဖြစ်စေ တဖက်ဖက်ကဖြစ်စေ စိတ်ပိုင်းဆို်င်ရာ ဝေဒနာကို ခံစားရတော့တာပါပဲ။ နှစ်ဖက်စလုံးက မှန်ပါတယ်။ ဒါပေမယ့်…

Details

လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးကို ထိခိုက်စေသော အကြောင်းအရာများ

လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးကို ထိခိုက်စေသော အကြောင်းအရာများ ဒီတခါမှာတော့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြေအနေတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ * စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အားပေးကူညီမှုမခြင်း * အပြုသဘောဆောင်သော လူမှုဝန်းကျင်မရှိခြင်း * မျှတစွာစီမံတတ်သော ဦးဆောင်သူမရှိခြင်း * ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုများရှိခြင်း * အပြန်အလှန်လေးစားမှုနှင့် ယဉ်ကျေးမှုရှိသော လုပ်ငန်းခွင်မဟုတ်ခြင်း * အလုပ်တာဝန်နှင့် ဝန်ထမ်း၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုက်ညီမှုမရှိခြင်း * ဝန်ထမ်း၏ အသိပညာ၊ အတတ်ပညာ ဖွ့ံဖြိုးတိုးတက်မှုအတွက် ပံ့ပိုးမှုမရှိခြင်း * အသိအမှတ်ပြုနှင့် သင့်လျှော်သောချီးမြှောက်မှုမပေးခြင်း * ဝန်ထမ်းများအနေဖြင့် လုပ်ငန်းနှင့် ဆက်စပ်ပြီး တီထွင်ဖန်တီးခွင့်၊ မိမိအကြံအဉာဏ်ကိုဝင်ရောက်ဆွေးနွေးခွင် နှင့် ဆုံးဖြတ်ချက်ချခွင့်တို့ မရှိခြင်း * ဝန်ထမ်း၏ စိတ်ပါဝင်စားမှုနှင့် နှစ်သက်သော အလုပ်တာဝန်မဟုတ်ခြင်း…

Details

စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများ DVB သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်း

စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများ DVB သတင်းဌာနနှင့် Interview ဒုတိယပိုင်း Q: ဟုတ်ကဲ့ပါ မစုဇာ။ ပတ်ဝန်းကျင်အမြင်မှာလဲ ဒီလူက နည်းနည်းတော့ ကြောင်နေပြီ၊ ဒီလူကတော့ ဂေါက်သွားပြီ စသည်ဖြင့်ပေါ့။ တချို့ကိစ္စတွေမှာကျတော့ ပတ်ဝန်းကျင်ရဲ့အမြင်တင်မဟုတ်ပဲနဲ့ ကိုယ့်ကိုယ်ကို သိကြတယ်ပေါ့။ ဒါပေမယ့် ရူးတယ်ဆိုတဲ့ အဆင့်မျိုးမဟုတ်ဘဲနဲ့ Counselling ဆိုပြီး သွားဆွေးနွေးတာကိုများ လူတွေသိသွားကြရင် ငါ့ကိုများ ဘယ်လိုတံဆိပ်တပ်ကြမလဲဆိုပြီး အရမ်းကြောက်ကြတယ်ပေါ့နော်။ အဲဒီလိုအခြေအနေမျိုးမှာ ကာယကံရှင်ကိုယ်တိုင် လိုလိုလားလား Counselling လုပ်ချင်လာအောင် ဘယ်လိုဆွဲဆောင်သင့်တယ်လို့ ထင်ပါသလဲရှင့်။ A: အရင်ဆုံး ကျွန်မပြောပြချင်တာက ကျွန်မတို့ စိတ်ကျန်းမာရေးဆွေးနွေးမှုလုပ်တယ်ဆိုရင် Confidentiality လို့ခေါ်တဲ့ “သတင်းအချက်အလက်လုံခြုံမှု” ကို လုံးဝပေးပါတယ်။ ကျွန်မနဲ့ လာဆွေးနွေးတဲ့သူ နှစ်ယောက်ကြား ပြောသမျှတွေအားလုံးက အဲ့ဒီဆွေးနွေးခန်းထဲမှာပဲရှိနေတယ်။ ဘယ်သူ့ကိုမှ ကာယကံရှင် ခွင့်ပြုချက်မရဘဲ…

Details