P1020958

ဝန်ဆောင်မှုအကြောင်း

Reach Out Myanmar(လူတိုင်းအတွက်စိတ်ပညာ) အနေဖြင့် စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် လက်တွဲကာ လုပ်ငန်းခွင်အတွင်းစိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာမျှဝေခြင်း၊ မြှင့်တင်ခြင်း၊ အကြံပေးခြင်း၊ လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲပြဿနာများကို ဖြေရှင်းရာတွင် ပံပိုးကူညီခြင်း စသည့်ဝန်ဆောင်မှုများဖြင့် လုပ်ငန်း/ အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်ရည်နှင့်အောင်မြင်မှု  တိုးတက်လာအောင် ကူညီဆောင်ရွက်လျက်ရှိပါသည်။

Professional Experience

Wellbeing at Workplace အစီအစဉ်

Wellbeing at Workplace အစီအစဉ်ကို လုပ်ငန်းခွင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို ပံ့ပိုးမြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းခွင်အတွင်း စိတ်ကျေနပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာအောင် စီစဉ်ရေးဆွဲထားခြင်းဖြစ်ပါသည်။

ဝန်ထမ်းတစ်ဦးချင်း မိမိသဘောဆန္ဒအရ စိတ်ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်သလို စိတ်ကျန်းမာရေးအခက်အခဲပြဿနာ တစ်ခုခုကြောင့် လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းလာသည့်အခါမျိုးတွင်ဖြစ်စေ၊ စိတ်ကျန်းမာရေးပညာရှင်နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်လာသည့် အခြေအနေမျိုးတွင်ဖြစ်စေ အဆိုပါဝန်ထမ်း၏ ကြီးကြပ်သူအထက်အရာရှိများမှ လိုအပ်သည့်ဝန်ဆောင်မှုရရှိအောင် လမ်းညွှန်ပံ့ပိုးမှုပေးနိုင်သည့် အစီအစဉ်ဖြစ်ပါသည်။

ပါဝင်သည့် ၀န်ဆောင်မှုများ

  • စိတ်ကျန်းမာရေးဆန်းစစ်မှုများ
  • တစ်ဦးချင်းဆွေးနွေးကုသမှု
  • အုပ်စုဖွဲ့ဆွေးနွေးကုသမှု
  • စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ဟောပြောပွဲများ
  • ၀န်ထမ်းကြီးကြပ်သူများနှင့် စီမံအုပ်ချုပ်သူများထံ တုံ့ပြန်မှုပေးခြင်းနှင့် တိုင်ပင်အကြံပေးခြင်း

CLINICAL SUPERVISION

  • INDIVIDUAL
  • ORGANIZATIONAL
  • CASE CONFERENCE

ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများ