Psychological-care-slide

ဝန်ဆောင်မှုအကြောင်း

မိမိရင်ဆိုင်ကြုံတွေ့နေရသည့် စိတ်၊ လူမှုဆက်ဆံရေး၊ အပြုအမူနှင့် ခံစားမှုပိုင်းဆိုင်ရာ အခက်အခဲပြဿနာများကို Reach Out Myanmar (လူတိုင်းအတွက်စိတ်ပညာ) မှ အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်သိက္ခာစောင့်ထိန်းသော၊ ယဉ်ကျေးမှုကို အလေးထားသော စိတ်ကျန်းမာရေးပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ပါသည်။

Professional Experience

တစ်ဦးချင်း ဆွေးနွေးမှု

သတင်းအချက်အလက် လုံခြုံစိတ်ချရပြီး စာနာနားလည်မှု ပြည့်ဝသော၊ ဝေဖန်မှုကင်းသော ၀န်းကျင်တွင် စိတ်ကျန်းမာရေးပညာရှင်နှင့် တစ်ဦးချင်း သီးသန့်တွေ့ဆုံပြီး မိမိတို့ရင်ဆိုင်နေရသည့် စိုးရိမ်ပူပန်မှုနှင့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

  • လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲများ
  • စိတ်ဒဏ်ရာ၊ ပူဆွေးသောက၊ ဆုံးရှုံးမှုများ
  • စိတ်ဖိစီးမှု၊ စိတ်ကျခြင်းနှင့် စိုးရိမ်စိတ်လွန်ကဲခြင်း
  • ကြောက်စိတ်လွန်ကဲခြင်း
  • စွဲလမ်းမှုနှင့် အပြုအမူဆိုင်ရာ အခက်အခဲများ
  • ဒေါသကို ဖြေရှင်းခြင်း
  • ယေဘုယျ လူမှုဘ၀ဆိုင်ရာ အခက်အခဲများ
  • အမျိုးသမီးတို့ အရေးကိစ္စများ
  • အလုပ်နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခက်အခဲများ
  • မိမိကိုယ်ကို အဆုံးစီရင်မှုမှ ကာကွယ်ခြင်း

စုံတွဲ၊ အိမ်ထောင်ဖက်နှင့် မိသားစုဆွေးနွေးမှု

ချစ်သူစုံတွဲ၊ အိမ်ထောင်ဖက်နှင့် မိသားစုဘ၀တွင် သိသာထင်ရှားသောအပြောင်းအလဲနှင့် ကြုံတွေ့ရသည့်အခြေအနေများ (ဥပမာ လက်ထပ်ခြင်း၊ သားသမီး ပြုစုပျိုးထောင်ခြင်း၊ မိသားစုဝင်တစ်ဦးဦးကို ဆုံးရှုံးရခြင်း)၊ ဆက်ဆံရေး ထိခိုက်တိမ်းစောင်းလာသည့် အခြေအနေများ (ဥပမာ လမ်းခွဲခြင်း ကွာရှင်းခြင်း၊ ရင်းနှီးမှု ယုံကြည်မှု လျော့နည်းလာခြင်း) ကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်အောင် Reach Out Myanmar(လူတိုင်းအတွက်စိတ်ပညာ)မှ ပညာရှင်များက အကူအညီပေးလျက်ရှိပါသည်။

အုပ်စုဖွဲ့ ဆွေးနွေးမှု

အုပ်စုဖွဲ့ဆွေးနွေးမှုဆိုသည်မှာ သဘောသဘာဝတူညီသော စိတ်၊ လူမှုဆက်ဆံရေး၊ အပြုအမှု နှင့် ခံစားမှုပိုင်းဆိုင်ရာ အခက်အခဲပြဿနာ ရင်ဆိုင်ကြုံတွေ့နေရသူများ အတူတကွစုဝေးပြီး စိတ်ကျန်းမာရေးပညာရှင်၏ ကူညီလမ်းညွှန်မှုအတိုင်း တစ်ဦးချင်းအတွေ့အကြုံဝေမျှခြင်း၊ အပြန်အလှန်နားထောင်ပေးခြင်းဖြင့် ဆွေးနွေးကုသသော အစီအစဉ်ဖြစ်ပါသည်။

  • Support Group (Fix and Open)
  • Upon Request

ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများ