လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးကို ထိခိုက်စေသော အကြောင်းအရာများ

လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးကို ထိခိုက်စေသော အကြောင်းအရာများ ဒီတခါမှာတော့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြေအနေတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ * စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အားပေးကူညီမှုမခြင်း * အပြုသဘောဆောင်သော လူမှုဝန်းကျင်မရှိခြင်း * မျှတစွာစီမံတတ်သော ဦးဆောင်သူမရှိခြင်း * ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုများရှိခြင်း * အပြန်အလှန်လေးစားမှုနှင့် ယဉ်ကျေးမှုရှိသော လုပ်ငန်းခွင်မဟုတ်ခြင်း * အလုပ်တာဝန်နှင့် ဝန်ထမ်း၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုက်ညီမှုမရှိခြင်း * ဝန်ထမ်း၏ အသိပညာ၊ အတတ်ပညာ ဖွ့ံဖြိုးတိုးတက်မှုအတွက် ပံ့ပိုးမှုမရှိခြင်း * အသိအမှတ်ပြုနှင့် သင့်လျှော်သောချီးမြှောက်မှုမပေးခြင်း * ဝန်ထမ်းများအနေဖြင့် လုပ်ငန်းနှင့် ဆက်စပ်ပြီး တီထွင်ဖန်တီးခွင့်၊ မိမိအကြံအဉာဏ်ကိုဝင်ရောက်ဆွေးနွေးခွင် နှင့် ဆုံးဖြတ်ချက်ချခွင့်တို့ မရှိခြင်း * ဝန်ထမ်း၏ စိတ်ပါဝင်စားမှုနှင့် နှစ်သက်သော အလုပ်တာဝန်မဟုတ်ခြင်း…

Details

စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများ DVB သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်း

စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများ DVB သတင်းဌာနနှင့် Interview ဒုတိယပိုင်း Q: ဟုတ်ကဲ့ပါ မစုဇာ။ ပတ်ဝန်းကျင်အမြင်မှာလဲ ဒီလူက နည်းနည်းတော့ ကြောင်နေပြီ၊ ဒီလူကတော့ ဂေါက်သွားပြီ စသည်ဖြင့်ပေါ့။ တချို့ကိစ္စတွေမှာကျတော့ ပတ်ဝန်းကျင်ရဲ့အမြင်တင်မဟုတ်ပဲနဲ့ ကိုယ့်ကိုယ်ကို သိကြတယ်ပေါ့။ ဒါပေမယ့် ရူးတယ်ဆိုတဲ့ အဆင့်မျိုးမဟုတ်ဘဲနဲ့ Counselling ဆိုပြီး သွားဆွေးနွေးတာကိုများ လူတွေသိသွားကြရင် ငါ့ကိုများ ဘယ်လိုတံဆိပ်တပ်ကြမလဲဆိုပြီး အရမ်းကြောက်ကြတယ်ပေါ့နော်။ အဲဒီလိုအခြေအနေမျိုးမှာ ကာယကံရှင်ကိုယ်တိုင် လိုလိုလားလား Counselling လုပ်ချင်လာအောင် ဘယ်လိုဆွဲဆောင်သင့်တယ်လို့ ထင်ပါသလဲရှင့်။ A: အရင်ဆုံး ကျွန်မပြောပြချင်တာက ကျွန်မတို့ စိတ်ကျန်းမာရေးဆွေးနွေးမှုလုပ်တယ်ဆိုရင် Confidentiality လို့ခေါ်တဲ့ “သတင်းအချက်အလက်လုံခြုံမှု” ကို လုံးဝပေးပါတယ်။ ကျွန်မနဲ့ လာဆွေးနွေးတဲ့သူ နှစ်ယောက်ကြား ပြောသမျှတွေအားလုံးက အဲ့ဒီဆွေးနွေးခန်းထဲမှာပဲရှိနေတယ်။ ဘယ်သူ့ကိုမှ ကာယကံရှင် ခွင့်ပြုချက်မရဘဲ…

Details

စိတ်ပညာအကြောင်း သိကောင်းစရာများ DVB သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခြင်း ပထမပိုင်း

DVB သတင်းဌာနမှ စီစဉ်တင်ဆက်သူ မမိုးမြင့်ဇင်နဲ့ Reach Out Myanmar (လူတိုင်းအတွက် စိတ်ပညာ)မှ စိတ်ကျန်းမာရေးပညာရှင် မစုဇာမွန်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုကို ၂ပိုင်းခွဲပြီး တင်ပေးသွားမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Page မှာ အရင်တင်ထားတဲ့ အင်တာဗျူးဗီဒီယိုကို မကြည့်ဖြစ်သူတွေလည်း မစုဇာမွန်ဆွေးနွေးထားတဲ့ စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများကို စာဖြင့်ဖတ်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်။ DVB: မင်္ဂလာပါရှင်၊ စိတ်ကျန်းမာရေးမှာ Counselling ဆိုတဲ့ နှစ်သိမ့်ဆွေးနွေးခြင်းအပိုင်းဟာ အရမ်းပဲ အရေးပါပါတယ်။ ဘာကြောင့် Counselling လုပ်ရလဲ၊ ဘာကြောင့် စိတ်ပညာပိုင်းမှာရော၊ ကျန်းမာရေးပိုင်းမှာပါ အရေးပါလဲဆိုတာ ကျွန်မတို့သိရအောင် လူတိုင်းအတွက်စိတ်ပညာဆိုတဲ့ website တို့ facebook page တို့ကို တည်ထောင်ထားတဲ့ founder မစုဇာမွန်နဲ့ မိတ်ဆက်ပေးပါ့မယ်ရှင့်။ အခု မစုဇာမွန်ကို DVB ရဲ့…

Details